Friday, October 18th 2024

စစ်တပ်က လူသားဒိုင်းကာအဖြစ် ပြန်ပေးဆွဲ ဖမ်းဆီးခံထားရတဲ့ ဒေသခံတွေကို အေအေ ကယ်ထုတ်



မြန်မာစစ်တပ်က လူသားဒိုင်းကာနဲ့ ဓါးစာခံအဖြစ် ပြန်ပေးဆွဲ ဖမ်းဆီးထားတဲ့ ပေါက်တောဒေသခံ (၁၀၄) ယောက်ကို အေအေက ဒုတိယအသုတ်အဖြစ် ထပ်မံကယ်ထုတ်နိုင်ခဲ့ပါတယ်။

နိုဝင်ဘာ ၂၂ ရက်က ကယ်ထုတ်နိုင်ခဲ့တာလို့ ရက္ခိုင်တပ်တော် (AA) က မနေ့က နိုဝင်ဘာ ၂၃ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

ပေါက်တောမြို့ပေါ်မှာ ဖြစ်ပွားခဲ့တဲ့ နိုဝင်ဘာ ၂၁ ရက်နဲ့ ၂၂ ရက် (၂) ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က ၄၈ ယောက်ကျဆုံးပြီး ဒရုန်းစက်တွေ အပါအဝင် ရန်သူရဲ့ လက်နက်ခဲယမ်းနဲ့ စစ်အသုံးအဆောင်ပစ္စည်းတချို့ကို ထပ်မံသိမ်းဆည်းရရှိခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

ပေါက်တောမြို့မှာ ဓားစာခံအဖြစ် ဖမ်းဆီးခံထားရတဲ့ မြို့ခံတွေထဲက လူပေါင်း ၁၀၀ လောက်ကိုလည်း ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၁ ရက်က ပထမအကြိမ် ကယ်ထုတ်နိုင်ခဲ့ပါတယ်

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက အေအေဟာ မြို့ခံပြည်သူတွေကို လူသားဒိုင်းကာလုပ်ပြီး တပ်ဆုတ်သွားတယ်လို့ ဆိုထားပါတယ်။

------------
ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒါကြောင့် အခု https://donorbox.org/narinjara-news လင့်မှာ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။_______________________________________________________________
နိရဉ္စရာသတင်းဌာနမှ ထုတ်လွှင့်နေသော စာသတင်း၊ ရုပ်သံ၊ ရေဒီယို သတင်းများကို အောက်ဖော်ပြပါ ပလက်ဖောင်းတွေမှာလည်း ဝင်ရောက် ဖတ်ရှု၊ နားဆင်နိုင်ပါတယ်။

🌐 Website
https://burmese.narinjara.com/

🌐 Twitter -
https://twitter.com/narinjaran?lang=en

🌐 Facebook -
မြန်မာစာသတင်း
https://www.facebook.com/narinjara.info/

🌐 Facebook -
အင်္ဂလိပ်စာသတင်း
https://www.facebook.com/Narinjaraenglish

🌐 Telegram -
https://t.me/narinjaranews

🌐 VK Link -
https://vk.com/narinjaranews