Sunday, September 8th 2024

စစ်တွေမြို့က သုံးလွှာနဲ့အထက် အထပ်မြင့်အဆောက်အဦတွေမှာ စစ်တပ်ကနေရာယူမယ့်သတင်း



ရခိုင်ပြည်နယ်မြို့တော် စစ်တွေမြို့က အထပ်မြင့်အဆောက်အဦတွေမှာ စစ်ကောင်စီတပ်က ဝင်ရောက်နေရာယူမယ်လို့ သိရပါတယ်။

စစ်တွေမြို့က အချက်အချာကျတဲ့ နေရာတွေ ဖြစ်တဲ့ လမ်းမကြီး၊ ကိုးရီးယားဆိပ်ကမ်း၊ မိဇံရပ်ကွက်၊ ရွှေပြားဈေးနဲ့ လူသွားလူလားများတဲ့ နေရာတွေနားက အထပ်မြင့်တိုက်တွေမှာ စစ်ကောင်စီတပ်က ဝင်ရောက်နေရာယူဖို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကနေတဆင့် ပြောဆိုလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီက နေရာယူဖို့ပြင်ဆင်နေတဲ့ အထပ်မြင့်တိုက်တွေအထဲမှာ ဟိုတယ်၊ မိုတယ်၊ ဈေးဝယ်စင်တာတွေ နဲ့ သင်တန်းကျောင်းတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။

လက်ရှိမှာတောင် တချို့ အထပ်မြင့်ဟိုတယ်တွေမှာ စစ်သားတွေ ရောက်နေပြီလို့ စစ်တွေဒေသခံတစ်ယောက်က ပြောပါတယ်။

စစ်တွေမြို့ထဲက သုံးလွှာနဲ့အထက် အထပ်မြင့်အဆောက်ဦတွေရဲ့ အပေါ်ဆုံး အလွှာမှာ စစ်ကောင်စီတပ်သားတွေနေထိုင်မဲ့အကြောင်းကို ပြည်နယ်စစ်ကောင်စီနဲ့ စစ်တပ်တာဝန်ရှိသူတွေက အဆောက်အဦပိုင်ရှင်တွေကို မကြာသေးခင်က အစည်းအဝေးခေါ်ယူပြီး အသိထားတယ်လို့ ခိုင်မာတဲ့သတင်းရင်းမြစ်တွေက ပြောပါတယ်။

အခုလို စစ်တွေက အဆင့်မြင့်အဆောက်အဦတွေမှာ စစ်ကောင်စီတပ်က နေရာယူဖို့စီစဉ်လာတာဟာ ရက္ခိုင့်တပ်တော်က မြို့သိမ်းတိုက်ပွဲဆင်နွှဲလာရင် ပြည်သူတွေကို လူသားဒိုင်ကာလုပ်ပြီး ခုခံဖို့အတွက်ဖြစ်နိုင်တယ်လို့ သုံးသပ်ပြောဆိုမှုတွေလည်းရှိနေပါတယ်။

ရခိုင်ပြည်နယ်စစ်ကောင်စီဟာ စစ်တွေမြို့ကပြည်နယ်စစ်ကောင်စီရုံးစိုက်ရာ အနီးအနားကလမ်းတွေနဲ့ မြို့တွင်း အရေးပါတဲ့လမ်းတွေကိုလည်း နိုဝင်ဘာလ ၁၄ ရက်ကနေ ပိတ်ဆို့ထားပြီး လုံခြုံရေးတွေတင်းကျပ်ထားပါတယ်။
------------
ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒါကြောင့် အခု https://donorbox.org/narinjara-news လင့်မှာ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။_______________________________________________________________
နိရဉ္စရာသတင်းဌာနမှ ထုတ်လွှင့်နေသော စာသတင်း၊ ရုပ်သံ၊ ရေဒီယို သတင်းများကို အောက်ဖော်ပြပါ ပလက်ဖောင်းတွေမှာလည်း ဝင်ရောက် ဖတ်ရှု၊ နားဆင်နိုင်ပါတယ်။

🌐 Website
https://burmese.narinjara.com/

🌐 Twitter -
https://twitter.com/narinjaran?lang=en

🌐 Facebook -
မြန်မာစာသတင်း
https://www.facebook.com/narinjara.info/

🌐 Facebook -
အင်္ဂလိပ်စာသတင်း
https://www.facebook.com/Narinjaraenglish

🌐 Telegram -
https://t.me/narinjaranews

🌐 VK Link -
https://vk.com/narinjaranews