Sunday, September 8th 2024

တိုက်ပွဲတွေအတွင်း မြန်မာစစ်တပ်က ဓာတု(အဆိပ်)ဗုံးတွေ ထပ်မံအသုံးပြုတိုက်ခိုက်



ရှမ်းပြည်မြောက်ပိုင်းတိုက်ပွဲတွေအတွင်း မြန်မာစစ်တပ်က ဓာတု(အဆိပ်)ဗုံးတွေ ထပ်မံအသုံးပြုတိုက်ခိုက်ခဲ့တယ်လို့ ကိုးကန့်မီဒီယာက သတင်းဖော်ပြပါတယ်။

နိုဝင်ဘာ ၂၃ ရက်၊ ညနေ ၃ နာရီကျော်လောက်မှာ စစ်ကောင်စီဟာ MNDAA သိမ်းပိုက်ထားတဲ့ နမ့်စလပ် တောင်ကုန်းစခန်းထဲကို ဓာတု (အဆိပ်)ဗုံး (၄)လုံးလာရောက် ပစ်ခတ်ခဲ့တာလို့ဆိုပါတယ်။

အဲဒီလိုပစ်ခတ်မှုကြောင့် MNDAA ကိုးကန့် တပ်ဖွဲ့ဝင်တစ်ချို့ အဆိပ်တွေရှူမိပြီး ခေါင်းမူး၊ အော့အန်တာတွေ ဖြစ်ခဲ့ရတယ်လို့ ဖော်ပြပါတယ်။

“၁၀၂၇” စစ်ဆင်ရေးကာလအတွင်းမှာ စစ်ကောင်စီတို့က တပ်စခန်း (၂၀၀)နီးပါး နဲ့ မြို့နယ် (၉) ခု ကိုလက်လွတ်ဆုံးရှုံးခဲ့ရတဲ့အတွက် ဓာတုလက်နက်တွေဆိုင်ရာသဘောတူညီချက်ကိုချိုး ဖောက်ပြီး ဓာတုဗုံးတွေနဲ့ လက်နက်တိုင်တော်လှန်‌ရေး အဖွဲ့အစည်းတွေအပေါ် (၃) ကြိမ်တိုင်တိုင် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ သတင်းကမှာ ဆိုထားပါတယ်။

နိုဝင်ဘာ ၁၈ ရက်နေ့မှာ TNLA သိမ်းပိုက်ထားတဲ့ တပ်စခန်းတစ်ခုကို ဓာတုဗုံးတွေ လာ‌ရောက်ပစ်ခတ်ခဲ့လို့ TNLA တပ်ဖွဲ့ဝင်တစ်ယောက် အဆိပ်မိခဲ့ရသလို နိုဝင်ဘာ ၁၄ ရက်နေ့ကလည်း TNLA က လားရှိုးမြို့နယ် မိုင်းကျက်တပ်စခန်း ဝင်ရောက်သိမ်းပိုက် ချိန်မှာ ဓာတုဗုံးတွေနဲ့ စစ်ကောင်စီတပ်က တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ရှမ်းမြောက်မှာ ဓာတုဗုံးသုံးတာမရှိဘူးလို့ ငြင်းဆိုထားပါတယ်။
------------
ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒါကြောင့် အခု https://donorbox.org/narinjara-news လင့်မှာ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။_______________________________________________________________
နိရဉ္စရာသတင်းဌာနမှ ထုတ်လွှင့်နေသော စာသတင်း၊ ရုပ်သံ၊ ရေဒီယို သတင်းများကို အောက်ဖော်ပြပါ ပလက်ဖောင်းတွေမှာလည်း ဝင်ရောက် ဖတ်ရှု၊ နားဆင်နိုင်ပါတယ်။

🌐 Website
https://burmese.narinjara.com/

🌐 Twitter -
https://twitter.com/narinjaran?lang=en

🌐 Facebook -
မြန်မာစာသတင်း
https://www.facebook.com/narinjara.info/

🌐 Facebook -
အင်္ဂလိပ်စာသတင်း
https://www.facebook.com/Narinjaraenglish

🌐 Telegram -
https://t.me/narinjaranews

🌐 VK Link -
https://vk.com/narinjaranews