Sunday, September 8th 2024

ရခိုင်မှာ စစ်ကောင်စီတပ်က မြေပြင်စစ်ဆင်ရေးထက် ဝေဟင်အင်အားကို အဓိကထားအသုံးပြုတိုက်ခိုက်နေ



ရခိုင်မှာ စစ်ကောင်စီတပ်က မြေပြင်စစ်ဆင်ရေးထက် ဝေဟင်အင်အားကို အဓိကထားအသုံးပြုတိုက်ခိုက်နေ


(ဒီကနေ့ နိုဝင်ဘာလ ၂၁ ရက်နေ့မှာလည်း စစ်တွေမြို့မှ ၅ နာရီခန့်အကြာ လက်နက်ကြီးဆက်တိုက်ပစ်ခတ်)


ရခိုင်မှာ ရက္ခိုင့်တပ်တော်(အေအေ)က စစ်ကောင်စီတပ်စခန်းကုန်းတွေနဲ့ ရဲစခန်းတွေကို သိမ်းပိုက်ထားပြီးနောက် စစ်ကောင်စီတပ်က ကြည်း၊ ရေ၊ လေ ပူးပေါင်းစစ်ဆင်ရေး လုပ်ဆောင်လာပါတယ်။


လက်ရှိ ရခိုင်က မြို့နယ်အများအပြားမှာ စစ်ကောင်စီတပ် နယ်ခြားစောင့်စခန်းကုန်းတွေ၊ ကင်းစခန်းတွေနဲ့ ရဲစခန်းတွေကို ဖျက်သိမ်းပြီး တပ်အင်အားစုဖွဲ့နေထိုင်ကြောင်း စကစ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်း အတည်ပြုပြောဆိုထားပါတယ်။


စစ်ကောင်စီတပ်ဟာ မြေပြင်စစ်ဆင်ရေးထက် ရေတပ်၊ လေတပ်နဲ့ လက်နက်ကြီးတပ်တွေဟာ ဒေသခံကျေးရွာတွေကို အင်အားသုံး တိုက်ခိုက်နေတာကို တွေ့မြင်နေရပါတယ်။


ဒီကနေ့ နိုဝင်ဘာလ ၂၁ ရက်နေ့မှာလည်း စစ်ကောင်စီတပ်ဟာ စစ်တွေမြို့ ကနေ နေ့လယ် ၂ နာရီ ၃၀ အချိန်မှ စတင်ပြီး ၁၅ မိနစ် တစ်ကြိမ်စီခြားပြီး ညနေ ၇ နာရီအထိ လက်နက်ကြီးတွေနဲ့ ဆက်တိုက် ပစ်ခတ်နေတာကို တွေ့မြင်နေရတယ်လို့ စစ်တွေဒေသခံတွေကပြောဆိုပါတယ်။
__________________________________________________
နိရဉ္စရာသတင်းဌာနမှ ထုတ်လွှင့်နေသော စာသတင်း၊ ရုပ်သံ၊ ရေဒီယို သတင်းများကို အောက်ဖော်ပြပါ ပလက်ဖောင်းတွေမှာလည်း ဝင်ရောက် ဖတ်ရှု၊ နားဆင်နိုင်ပါတယ်။

🌐 Website
https://burmese.narinjara.com/

🌐 Twitter -
https://twitter.com/narinjaran?lang=en

🌐 Facebook -
မြန်မာစာသတင်း
https://www.facebook.com/narinjara.info/

🌐 Facebook -
အင်္ဂလိပ်စာသတင်း
https://www.facebook.com/Narinjaraenglish

🌐 Telegram -
https://t.me/narinjaranews

🌐 VK Link -
https://vk.com/narinjaranews