Tuesday, September 17th 2024

ရခိုင်မှာ တိုက်ပွဲကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်ကြရတဲ့ ဒေသခံ ၃၀၀၀ ခန့်အထိ ရှိလာ



ရခိုင်မှာ တိုက်ပွဲကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်ကြရတဲ့ ဒေသခံ ၃၀၀၀ ခန့်အထိ ရှိလာ (ရုပ်၊ သံ)

နိရဉ္စရာ၊ နိုဝင်ဘာ ၁၅/၂၀၂၃

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်နဲ့ မင်းပြားမြို့နယ်တွေမှာ နိုဝင်ဘာလ ၁၃ ရက်နေ့ မနက်ပိုင်းကစပြီး ရက္ခိုင့်တပ်တော်(AA)နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။

ရသေ့တောင်မြို့နယ်မှာ နိုင်ဝင်ဘာလ ၁၃ ရက်နေ့ မနက် ၅ နာရီခန့်က ဒုံးပိုက်နဲ့ ချိန်ခါလီ နယ်ခြားစောင့် စခန်းတွေကို ရက္ခိုင့်တပ်တော် (AA) က စတင်ဝင်ရောက်ခိုက်ခဲ့ပြီး တစ်နာရီကျော်အကြာ နှစ်ဖက်အပြန်အလှန်ပစ်ခတ်ခဲ့ကြတယ်လို့ သိရပါတယ်။

အဲဒီနောက် ရသေ့တောင်မြို့ပေါ်မှာရှိတဲ့ စစ်ကောင်စီရဲ့ (၅၃၆) တပ်ကနေ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ဒုံးပိုက်၊ ချိန်ခါလီကျေးရွာအနီးကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုတွေပြုလုပ်ခဲ့ပါတယ်။

အခုလို စစ်ကောင်စီတပ်က ကျေးရွာအနီးအနားတွေကို လက်နက်ကြီးပစ်ခတ်မှုနဲ့ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတိုကခိုက်မှုတွေလုပ်ဆောင်နေတဲ့အတွက် ရသေ့တောင်မြို့နယ်က ဒေသခံ ၂၀၀၀ ခန့် မှာ ဘေးလွှတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြတာလည်းဖြစ်ပါတယ်။

မင်းပြားမြို့နယ်မှာလည်း နိုဝင်ဘာလ ၁၃ ရက်နေ့က ဖားပြိုကျေးရွာအနီး ပြည်ထောင်စုကားလမ်းမပေါ်မှာ သွားလာနေတဲ့ စစ်ကောင်စီယာဉ်တန်းကို ရက္ခိုင့်တပ်တော်(AA) က တိုက်ခိုက်ခဲ့ရာကနေ နှစ်ဘက်အပြန်အလှန်ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့ပါတယ်။

အဲဒီနောက် မင်းပြားမြို့၊ ကျိန်းတောင်ဘုရားပေါ်မှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်က အနီးအနားကျေးရွာတွေကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

အခုလို စစ်ကောင်စီက လူနေကျေးရွာတွေကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်မှုတွေရှိနေတဲ့အတွက် မင်းပြားမြို့နယ်က ဖားပြို၊ ဘူူးပင်၊ ဘလိပေါက်၊ မေလွမ်း၊ သိမ်တောင် စတဲ့ ကျေးရွာတွေက ဒေသခံ ၁၀၀၀ ခန့်မှာလည်း နီးစပ်ရာကျေးရွာတွေကို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

____________________________________________________________________________
နိရဉ္စရာသတင်းဌာနမှ ထုတ်လွှင့်နေသော စာသတင်း၊ ရုပ်သံ၊ ရေဒီယို သတင်းများကို အောက်ဖော်ပြပါ ပလက်ဖောင်းတွေမှာလည်း ဝင်ရောက် ဖတ်ရှု၊ နားဆင်နိုင်ပါတယ်။

🌐 Website
https://burmese.narinjara.com/

🌐 Twitter -
https://twitter.com/narinjaran?lang=en

🌐 Facebook -
မြန်မာစာသတင်း
https://www.facebook.com/narinjara.info/

🌐 Facebook -
အင်္ဂလိပ်စာသတင်း
https://www.facebook.com/Narinjaraenglish

🌐 Telegram -
https://t.me/narinjaranews

🌐 VK Link -
https://vk.com/narinjaranews