ကျောက်တော်မြို့နယ် ၀ါးတောင်မှ ၅ မိုင်ခန့်အကွာ စကားမြောင်တာင်တန်းတွင် တိုက်ပွဲ ဖြစ်ပွား

နိရဉ္စရာ၊ ဖေဖော်ဝါရီ ၁၀

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ၀ါးတောင်မှ ၅ မိုင်ခန့်အကွာ စကားမြောင်တောင်တန်းတွင် ယနေ့ မွန်းလွဲ ၂ နာရီမှ စတင်ပြီး မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်မတော် (AA) တို့ အကြား တိုက်ပွဲ ဖြစ်ပွားနေကြောင်း သတင်းရရှိသည်။

ဝါးတောင်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးစားရေးက “ သေနတ်သံတွေ စကြားရတာက မွန်းလွဲ ၂ နာရီကနေစကြားရပါတယ်။ ၅ မိုင်လောက်သာ ဝေးတော့ လက်နက်ကြီးသံရော၊ လက်နက်ငယ်သံတွေကိုပါ ကြားရပါတယ်။ ၂ နာရီ မိနစ် ၄၀ လောက်မှာ ရပ်သွားတယ်။ အခုထပ်ပြန်ကြားရပါတယ်” ဟု မွန်းလွဲ ၃ နာရီခွဲခန့်က ဆက်သွယ်မေးမြန်းစဉ် ပြောကြားသည်။

ယခု တိုက်ပွဲဖြစ်ပွားသောနေရာ အနီးတွင် ရွာမရှိကြောင်း၊ တောတောင်များသာရှိကြောင်း၊ ဆောင်းတုံမှလည်း ၁မိုင်ကျော်ခန့်သာဝေးေ ကြာင်း၊ ၀ါးတောင်မှလည်း ၅ မိုင်ခန့်ဝေးကြောင်း၊ ဒေသခံများက ၎င်းနေရာကို စကားမြောင်တောင်တန်းဟု ခေါ်ကြောင်း ၎င်းက ပြောကြားသည်။

“ ဖြစ်တဲ့နေရာက နည်းနည်းဝေးတော့ လူတွေက သိပ်စိုးရိမ်မှုတော့ မရှိပါဘူး။ အခြေအနေတွေကိုတော့ နားစွင့်နေကြတာတစ်ခုပါဘဲ” ဟု ပြောကြားသည်။

တောင်မင်းကုလားရွာသို့ ဆက်သွယ်ရာ ရွာသား တစ်ဦးဖြစ်သူ ဦးမောင်ခင်ဝင်းက လက်နက်ကြီးသံများကို သူတို့ရွာက ကြားရပြီး ဘယ်နေရာကလဲဟုဆိုသည်ကို မခန့်မှန်းတက်ကြောင်း ပြောကြားသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Most Popular Right Now