ဒီဇင်ဘာ၃၁မှ ဖေဖော်ဝါရီ၁၀ ရက်နေ့ထိ ရခိုင်တွင် ၁၇ (၁) (၂) တို့ဖြင့် ဖမ်းဆီးခံထားရသူ ၃၈ ဦးရှိ

နိရဉ္စရာ၊ ဖေဖော်ဝါရီ ၁၁

ရခိုင်ပြည်နယ်တွင် ၂၀၁၈ ဒီဇင်ဘာ ၃၁ ရက်နေ့မှ ၂၀၁၉ ဖေဖော်ဝါရီ ၁၀ ရက်နေ့ထိ ဖမ်းဆီးခံထားရသူမှာ ၃၈ ဦးရှိကြောင်း သိရသည်။

ဖမ်းဆီးခံရသူများမှာ ကျောက်တော်တွင် ၂၆ ဦး၊ ပုဏ္ဏားကျွန်းမြို့မှ ၁ ဦး၊ ရသေ့တောင်တွင် ၄ ဦး၊ ဘူးသီးတောင်တွင် ၃ ဦး၊ စစ်တွေတွင် ၄ ဦးတို့ ဖြစ်ကြသည်။

(ပုဏ္ဏားကျွန်)း

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့၊ ရွာဟောင်းရပ်ကွက်မှ အဖမ်းခံရသူမှာ (ဘ )ဦးလှအောင်သား ဇော်ဝင်းနိုင် (၂၄) နှစ် ဖြစ်ပြီး ဖေဖော်ဝါရီ ၈ ရက် ညနေ ၄ နာရီကျော်က ဖမ်းဆီးထားရသည်။ ၎င်းကို လုံခြုံရေး တပ်ဖွဲ့ဝင်များ၏ ကားတန်းကို ဗွီဒီယိုရိုက်ပြီး လူမှုကွန်ယက် ဖေ့စ်ဘွတ်စာမျက်နာပေါ် တင်မှုကြောင်း မတရား အသင်းဆက်သွယ်မူ ပုဒ်မ ၁၇ (၁) ဖြင့် အမှုဖွင့် ဖမ်းဆီးထားသည်ဟု သတင်းရရှိသည်။

(ကျောက်တော်)

ကျောက်တော်မြို့တွင် ဖမ်းဆီးခံရသူများမှာ ရှင်းလက်ဝ မှ၂၄ ဦးနှင့် ကျောက်တော်မြို့မှ ၂ ဦးတို့ ဖြစ်ကြပြီး ဖေဖော်ဝါရီ ၄ ရက် နံနက် အစောကြီး ၀း ၁၅ မိနစ်တွင် အဖမ်းခံရသည်။ ဖမ်းဆီးခံရသူများမှာ ကျောက်တော်မြို့၊ ရွာမရပ်ကွက်၊ အလယ်စုမှ ဦးသိန်းစိုးနှင့် ဇနီး ဒေါ်လှလှရီ ဖြစ်ကြသည်။

အဖမ်းခံထားရသော ရှင်းလက်ဝ ရွာသားများမှာ ဦးအောင်သန်း (၃၈) နှစ်၊ ဦးဆန်းတင် (၃၆) နှစ်၊ ဦးအောင်စိုးဝင်း (၃၇) နှစ်၊ ဦးမောင်စောသန်း (၃၀) နှစ်၊ ဦးမောင်မျိုးသန်း၊ ဦးအောင်လင်း (၃၈) နှစ်၊ ဦးအောင်မျိုးသန်း (၂၇) နှစ်၊ ဦးမျိုးသန်းရွှေ (၂၉) နှစ်၊ ဦးစိုးရွှေမောင်(၃၅) နှစ်၊ ဦးလှကျော်သိန်း၊ ကိုညီပု (၂၃) နှစ်၊ ဦးလှမောင်သိန်း (၄၀)၊ ဦးထွန်းဝေ (၄၃) နှစ်၊ ဦးမောင်စံသာ (၃၅) နှစ်၊ ကိုမောင်သိန်းလှ (၂၇) နှစ်၊ မောင်စိုးလှိုင်၊ ဦးမောင်ခိုင် (၅၈) နှစ်၊ ကျော်ဝင်းလှိုင်၊ မောင်သံခဲ၊ ဦးသန်းအောင်၊ ဦးမောင်သံတုတ် (၄၃) နှစ်၊ ဦးမောင်စိုးဝင်း၊ အောင်ကျော်ဌေးနှင့် ဇင်ကိုကို တို့ဖြစ်ကြသည်။

၎င်းတို့ကို မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇ (၁) (၂) တို့ဖြင့် စစ်တွေ အမှတ် (၁) စခန်းတွင် အမှုဖွင့် စစ်ဆေးနေသည်။

(ဘူးသီးတောင်)

ဖမ်းဆီးခံထားရသူများမှာ ဘူးသီးတောင်မြို့နယ်၊ သရက်ပြင်ကျေးရွာမှ အုပ်ချုပ်ရေးမှူး ဦးမောင်သန်းလှိုင်၊ ကိုကျော်ဝင်းနှင့် ကိုဌေးအောင်တို့ ဖြစ်ကြသည်။ အုပ်ချုပ်ရေးမှူး ဦးမောင်သန်းလှိုင်၊ ကိုကျော်ဝင်းတို့ကို ဇန်န၀ါရီ ၁၅ ရက်နေ့က ဖမ်းဆီးခဲ့ပြီး ကိုဌေးအောင်ကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့က ဖမ်းဆီးခဲ့သည်။

သူတို့ ၃ ဦးစလုံးကို ပုဒ်မ ၁၇ (၁) (၂) တို့ဖြင့် အမှုဖွင့်တရားစွဲဆိုထားသည်။

(ရသေ့တောင်)

ရသေ့တောင်မြို့နယ် ကြိမ်သာ ကျေးရွာမှ ဦးမောင်စိန်ဦး (၅၅) နှစ် နှင့် ဦးစိန်သာကျော် (၆၀) နှစ်တို့ကို ဇန်န၀ါရီ ၁၄ ရက် နံနက်က ရွာအနီး တိုက်ပွဲဖြစ်နေစဉ် လယ်တဲတွင် ပုန်းအောင်းနေရာမှ ဖမ်းဆီးခေါ်ဆောင်သွားပြီး မတရားအသင်းဆက်သွယ်မှု ၁၇ (၁) (၂) တို့ဖြင့် စွပ်စွဲ ဖမ်းဆီး တရားစွဲဆိုထားသည်။

နောက်ထပ် ဖမ်းဆီးခံထားရသူ ၂ ဦးမှာ ရေကောင်းချောင်း ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်ထွန်းလိုင်နှင့် တိုင်းရင်းဆေးဆရာ ဦးမောင်ကျော်ထွန်းတို့ဖြစ်ကြပြီး ဒီဇင်ဘာ ၂၈ ရက် မွန်းလွဲ ၂ နာရီခန့်က စစ်တပ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး လက်ရှိ ရသေ့တောင်မြို့နယ် တရားရုံးတွင် မတရားအသင်းဆက်သွယ်မှု ၁၇ (၁) (၂) တို့ဖြင့် အမှုရင်ဆိုင်နေကြရသည်။

(စစ်တွေ)

စစ်တွေတွင် ရခိုင်လူငယ်များ ဖြစ်ကြသည့် ကိုအောင်ဇော်လင်း(ခ) ကိုအောင်ချေ၊ ခိုင်ဘိုဘို(ခ) ခိုင်သော်၊ ကိုမေယုထွန်းနှင့် ကိုရဲကျော် (ခ) ကိုနီအောင်ကျော်တို့ကို ဖမ်းဆီးထားသည်။ စရဖ တပ်ဖွဲ့ဝင် တစ်ဦး စစ်တွေတွင် စက်တင်ဘာ ၂၅ ရက်နေ့က အသတ်ခံရမှုနှင့် ပတ်သက်ပြီး စွပ်စွဲဖမ်းဆီးထားကာ လူသတ်မှု ပုဒ်မ ၃၀၂ / ၃၄ ဖြင့် ဇန်န၀ါရီ ၁၄ ရက်နေ့က စစ်တွေမြို့နယ် တရားရုံးတွင် အမှုစွဲတင်ထားသည်ဟု သတင်းရရှိသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Most Popular Right Now